Home ဗဟုသုတ ဘူတန်

ဘူတန်

432
0

Mekong Challenge 2017 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကို ရောက်လာကြတဲ့ Vietnam, Cambodia, စတဲ့ နိုင်ငံတွေက ပြိုင်ပွဲဝင်မယ့် အဖွဲ့တွေ ရောက်လာကြတဲ့ ညမှာ Networking Dinner ကို UMFCCI က လုပ်ပေးတယ်။ အဲ့ဒီညမှာ ဘူတန်နိုင်ငံက လာပြိုင်တဲ့ အဖွဲ့နဲ့ မျက်နှာချင်းဆိုင် ထိုင်မိတယ်။ ဘူတန်အဖွဲ့မှာ ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေအပြင် အုပ်ထိန်းတဲ့ ဆရာတစ်ယောက်ပါ ပါတယ်။ အဲ့ဒီ ဆရာနဲ့ စကားတွေပြောဖြစ်ခဲ့တယ်။ သူ့အသက်က ၃၅ အထက်လောက်ရှိမယ် ခန့်မှန်းမိတယ်။ ရုပ်ရည်ကတော့ တော်တော်ဖြောင့်တာ။ မုတ်ဆိတ်၊ ပါးသိုင်း နဲ့ အသားက နို့နှစ်ရောင်လို ဥပဓိရုပ်က နှစ်လိုဖွယ် ကြည့်လို့တော်တော်ကောင်းတယ်။
သူက အိန္ဒိယမှာမွေးပြီး ဘူတန်မှာကြီးပြင်းခဲ့တဲ့ အိန္ဒိယနွယ်ဖွား တစ်ယောက်ပါတဲ့။ သူနှစ်ပေါင်းများစွာ ဘူတန်မှာ နေခဲ့တာ ကျောင်းဆရာတစ်ယောက်လည်းဖြစ်တယ် ဒါပေမယ့် ခုထိ ဘူတန်နိုင်ငံသား ဖြစ်ခွင့်မရသေးဘူးတဲ့။ ဘူတန်မှာ ဇာတိဖွားတွေ လူမျိုးတွေ မဟုတ်ရင် နိုင်ငံသားဖြစ်ခွင့် အရမ်းခက်ခဲတယ်တဲ့။
ဒါနဲ့ ဘူတန်နိုင်ငံ အကြောင်းမေးဖြစ်တယ်။ ဘူတန်နိုင်ငံကို လာလည်ရင် ဗီဇာကြေးကို ရက်နဲ့တွက်ပြီး ပေးရတာတဲ့။ ဘူတန်မှာ တစ်ရက်နေရင် ဗီဇာကြေး $250 သူတို့အစိုးရကို ပေးရတယ်တဲ့။

ဘူတန်ရဲ့ ဘုရင်က ချမ်းသာတယ်တဲ့။ နိုင်ငံသားတွေကို လိုလေးသေးမရှိအောင်ထားတာတဲ့။ စားစရာမရှိရင် ဘုရင်ကကျွေးတယ်။ နေစရာမရှိရင် ဘုရင်ကပေးတယ်။ ဒီနေရာမှာ ဘုရင် ဆိုတာ “အစိုးရ” ပေါ့။ သူကပြောသေးတယ် ဘုရင် နိုင်ငံသားတွေကို လိုလေးသေးမရှိအောင်ထောက်ပံ့ထားတော့ နိုင်ငံသားတွေအားလုံးဟာ အေးအေးဆေးဆေးပဲတဲ့။ အလုပ်လုပ်ရင်လည်း အေးအေးဆေးဆေး။ စာသင်ရင်လည်း အေးအေးဆေးဆေး။ ဘာလုပ်လုပ် အေးအေးဆေးဆေးပဲတဲ့။ သူသုံးတဲ့ စကားလုံးက “Everybody relax in Butan”။ သူကထပ်ပြောသေးတယ် တစ်တိုင်းပြည်လုံးက အေးဆေးလွန်းတော့ သိပ်တိုးတက်မှုမရှိဘူးတဲ့။ (အစိုးရ ကောင်းလွန်းတော့လည်း သိပ်မတိုးတက်ဘူးလို့ ဆိုလိုချင်တဲ့သဘော)

ဘူတန်က ပြိုင်ပွဲဝင်ဖို့လာတာက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး ၂ ယောက် သူတို့ နဲ့ စကား တောင်မပြောဖြစ်ဘူး။ ပြိုင်ပွဲမှာ သူတို့က သူ့နိုင်ငံထွက် ထောပတ်သီး နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည် ကို စီးပွားဖြစ်ထုတ်လုပ်မှုပုံစံ နဲ့ ပြိုင်တာဖြစ်ပါတယ်။ Avocado Tea လို့ သူတို့ကပြောတယ်။ ထောပတ်သီးနဲ့ လက်ဖက်ပေါင်းစပ်ပြီး လက်ဖက်ရည်အချို ဆိုတာ သူတို့ပြောမှပဲ ကြားဖူးတယ်။ စဉ်းတောင်မစဉ်းစားဖူးဘူး။

Presentation မစခင်မှာ ဒိုင်တွေကို Avocado Tea စတိုက်တယ်။ စနစ်တကျ ပြင်ဆင်ထားတယ်။ သူ တို့ ရဲ့ Product ရဲ့ အရသာကိုဒိုင်တွေ သိသွားအောင် အရင်အမြည်းပေးတဲ့ သဘောပေါ့။ သူတို့ ဆရာရဲ့ အစီအစဉ်တွေ ဖြစ်မယ်။ ဒိုင်တွေသဘောကျ ကြတယ် ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး အချင်းချင်း ပြောကြတယ်။ ပြိုင်ပွဲမှာ သူတို့ ဒုတိယ ဆု ရသွားတယ်။

—————————————-

LEAVE A REPLY

Please enter your comment!
Please enter your name here