Home ဗဟုသုတ ခင်​ဗျားတို့ – – – ကျုပ်​တို့က

ခင်​ဗျားတို့ – – – ကျုပ်​တို့က

110
0

ရွှေ ဝယ်​ရင်​ ​ဘောင်​ချာထဲပါတဲ့အတိုင်း ၆သိန်း ၇သိန်း ကို
ဈေးမစစ်​မဘူး ကြည်​ကြည်​ဖြူဖြူ ​ပေးလိုက်​ကြတယ်​။

ပဲပြုတ်
၁၀၀ဖိုး ၂၀၀ဖိုး ဝယ်​တော့ ​ဈေးကစစ်​​သေး အပိုက ​တောင်းချင်​​သေးတယ်​။

ချဉ်​​ပေါင်​ရွက်
ကန်​ဇွန်းရွက်
၁၀၀ဖိုး ၁၅၀ဖိုးကျ​တော့လည်း ​ဈေးက မရမက စစ်​တယ်​။
စစ်​ရလို့ ဝယ်​ပီဆိုရင်​လည်း အပိုက​ မရမက​တောင်းချင်​တယ်​။

ဒီလိုပဲ

ဆိုက်​ကား ခ
မြင်းလည်း ခ ကျ​တော့လည်း ၅၀-၁၀၀က အစ ​ဈေးစစ်​ကြတယ်​။

လေယာဉ်​ ခ ၁သိန်း ၂သိန်း ကြ​တော့ ဘယ်​သူမှ ​ဈေးမစစ်​ကြဘူး။

ကိုယ်​လုပ်​မိတဲ့အလုပ်​က​လေး​တွေကို ပြန်​စဉ်းစားကြည့်​ပါ။

Air com အခန်းထဲ စမတ်​ကျကျ ဇိမ်​ကျကျ ​ရောင်းပီး အမြတ်​အစွန်း ၄-၅ထောင် ၁သောင်း ယူ​နေတဲ့လူ​တွေဆီ​ဈေးမစစ်​ပဲ အပိုမ​တောင်းပဲနဲ့။

နေပူ မိုးရွာ မ​ရှောင်​ ရှာ​ဖွေ​ရောင်းချပီးမှ တစ်​​နေ့စာ မိသားစု ဝမ်းစာ​ရေး ပင်​ပင်​ပန်းပန်း ရုန်းကန်​​နေရသူ​တွေကို ကိုယ်​ခြင်းစာပါ။ ငဲ့ညာပါ။ စာနာ နားလည်​​ပေးကြပါ။

ကိုယ့်​အတွက်​ ပိက်ဆံ​​ တစ်​ရာ ၅၀ဆယ်​ ဆိုတာ ဘာမှမဟုတ်​​ပေမယ့်
သူတို့အတွက်​​တော့ အဲဒိ တစ်​ရာ ၅၀ဆိုတာဟာ သူ့ဘဝ
သူ့ မိသားစု၊ သူ့ကမ္ဘာဆိုတာ ​မေ့မထား​စေချင်​ပါ။

ကျွန်ုပ်​​ပြောတာ တရားသလား မတရားသလား ဆိုတာကို​တော့ မိမိကိုယ်​တိုင်​သာ စဉ်းစားကြပါကုန်​။

သြော်​ – – – အခု​တောင်​မှ အပြင်​မှာ မိုး​တွေရွာ​နေသလို
ပဲပြုတ်​ ဆိုတဲ့ အသံလည်း မိုး​ပေါက်​အသံ​တွေကြားက ကြား​နေရပါလား

ကိုယ်​ချင်းစာရားတို့ဖြင့်​ ကမ္ဘာကြီး ​အေးချမ်းသာယာ ပါ​စေ။

စေတနာ ​မေတ္တာ​ဖြင့်
အရှင်​ရာ​ဇဓမ္မ – မဇ္စ္ဇျိမအလင်း​ရောင်
11.6.2018

http://TodayMedia

 

LEAVE A REPLY

Please enter your comment!
Please enter your name here