Home ဗဟုသုတ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်တော့မယ့်အချိန်မှာ ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့ ဇဏ်ခီ တို့အတူတွဲရိုက်ထားတဲ့ ကြော်ငြာ ထွက်ပေါ်

ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်တော့မယ့်အချိန်မှာ ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့ ဇဏ်ခီ တို့အတူတွဲရိုက်ထားတဲ့ ကြော်ငြာ ထွက်ပေါ်

5219
0

ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်တော့မယ့်အချိန်မှာ ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့ ဇဏ်ခီ တို့အတူတွဲရိုက်ထားတဲ့ Ooredoo ကြော်ငြာ ထွက်ပေါ်လာတယ်။

တရှိန်ထိုး အောင်မြင်လာတဲ့ ဇဏ်ခီ ဟာ Ooredoo ရဲ့ သံတမန် အဖြစ်ခန့်အပ်ခြင်းခံထားရတာမကြာသေးပါဘူး။ ပြီးခဲ့တဲ့ လက ချက်နိုင်ငံကို ကြော်ငြာသွားရိုက်တယ်ဆိုလို့ စိတ်ဝင်စားနေတဲ့ ပရိသတ်ကြီးဟာ အခုမှာတော့ ဇဏ်ခီ ချက်နိုင်ငံမှာ မက်ဆီ နဲ့ အတူကြော်ငြာရိုက်ကူးခဲ့တယ်ဆိုတာ သိလိုက်ရလို့အင်မတန်အံ့အားသင့်နေကြလသလို ၊ ဇဏ်ခီ ရဲ့အောင်မြင်မှုတွေအတွက်လည်းဝမ်းသာနေကြတဲ့ ကွန့်မန့်တွေကို ဖတ်ရမှာပါ။

အဆိုပါ ကြော်ငြာနဲ့ ပတ်သတ်ပြီး ဇဏ်ခီ က ဖေ့ဘွတ်ခ်စာမျက်နှာ မှာ “ကျနော် Prague မှာသွားရိုက်ထားတဲ့ ကြော်ငြာလေးပါ။ ဘာပဲဖြစ်ဖြစ် ကျနော်အရမ်းကြိုက်ရတဲ့ ဘောလုံးသမားနဲ့ အတူရိုက်ခဲ့ရတာရယ် ပြီးတော့ သူ့ကို မြန်မာတိုက်ပုံဝတ်ဖို့ ကိုယ်တိုင်သယ်သွားပေးခဲ့ရတာတွေကတော့ တကယ်ကို အမှတ်တရပါပဲ။” လို့ ရေးသားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here