Home စာစုလေးများ ကျွန်တော် နှင့် ငါးပိကြော်ရနံ့သရော်စာများ

ကျွန်တော် နှင့် ငါးပိကြော်ရနံ့သရော်စာများ

123
0

စာဖတ်သူမိတ်ဆွေ သည် ယခုစာအုပ်၏ အမည်နာမ ကို ဖတ်ပြီးသည်နှင့် စာအုပ်ကို နှာခေါင်းဖြင့် ကပ်ကာ အနံ့ရှု ကြည့်ပါ။ စက္ကူ နံ့ မှ လွဲပြီး မည်သည့် အနံ့မှ ရမည်မဟုတ်ပါ။

သို့သော် စာအုပ်၏ ပထမဆုံး သရော်စာကို ဖတ်ကြည့်ရုံမျှ ဖြင့် နှာခေါင်းထဲတွင် ငါးပိကြော်ရနံ့များ အလိုလိုညသင်းလာပါလိမ့်မည်။

ငါးပိကြော်သည် မြန်မာ့ရိုးရာစားစရာ တစ်ခုဖြစ်သည်။

ကြာရှည်ခံသည်။ ဝန်ပေါ့သည်။ ထမင်းနှင့် တွဲဖက်လျှင် ခံတွင်းမြိန်သည်။

ဒီတော့ ငါးပိကြော်ကို ထောင်ဝင်စာပို့ရာတွင် အသုံးများသည်။

အထူးသဖြင့် မြန်မာ့အကျဉ်းထောင် တစ်ခေတ်ဆန်းချိန်များတွင် ငါးပိကြော်သည် ထိပ်တန်းမီနူး တစ်ခု ဖြစ်ခဲ့၏။

ကြာလာတော့ ထောင်ထဲဝင်ရမည်ဆိုလျှင် ငါးပိကြော်နံ့ သင်းသည် ဟု ဗန်းစကားပင် ဖြစ်လာသည်။

ကျွန်တော်သည် အစိုးရနှစ်ဆက် ပြောင်းချိန်အထိ နိုင်ငံရေးသရော်စာများကို တစိုက်မတ်မတ်ရေးသားလာခဲ့သည်

နောက်ပိုင်း တရားစွဲခံရသည်။ အားလုံး သိသည့်အတိုင်း အူလည် ပူလည် နှင့် အင်းစိန်ထောင်သို့ ရက်တိုတရားစခန်းသွားဝင်အောင်းလိုက်သေးသည်။

အဖမ်းမခံရခင် မိတ်ဆွေများက ငါးပိကြော်ပို့ပေးမည်ဟု စကြနောက်ကြသည်။

ပြန်ထွက်လာတော့လည်း..ဒီအကောင်.ငါးပိကြော်နံ့ သင်းလာသည်ပေါ့။

ယခုစာအုပ်ထဲမှ သရော်စာအများစုက အမှုရင်ဆိုင်နေရသည့်ကာလများအတွင်း ထောင်နှုတ်ခမ်းပေါ် စကိတ်စီးရင်း ရေးခဲ့သော သရော်စာ အများစု ဖြစ်သည်။

ဒီတော့ လွယ်လွယ်ကူကူပင် ကျွန်တော့်၏ ဆဋ္ဌမမြောက် စာအုပ်လေးကို ငါးပိကြော်ရနံ့ သရော်စာများ ဟု အမည်ပေးခဲ့ခြင်းပင်။

ဒီနေ့ ဇွန် ၁၄ ရက်နေ့က စတင်ပြီး ကံ့ကော်ဝတ်ရည်စာပေက နေ ရန်ကုန် နှင့် နယ်ရှိ စာအုပ်ဆိုင်များကို စတင်ဖြန့်ချီလိုက်ပါပြီ။

စာအုပ်တန်ဖိုးက သုံးထောင်ပါ။

ကျွန်တော့် ငါးပိကြော် ချဉ်ငံစပ်လေးကို သုံးဆောင်ရင်း သွေးတိုးကင်းကြပါစေကြောင်း..ဆုတောင်းပေးလိုက်ပါသည်..ခင်ဗျား။

ဗြိတိသျှကိုကိုမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here