Home နိုင်ငံရေး ခြေ၊ ဥ ပြင်ဆင်ရေးမူဝါဒကို အစိုးရ ဆုပ်ကိုင်ထားဆဲ

ခြေ၊ ဥ ပြင်ဆင်ရေးမူဝါဒကို အစိုးရ ဆုပ်ကိုင်ထားဆဲ

99
0

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူဝါဒအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် ဆုပ်ကိုင်ထား ဆဲဖြစ်သည်ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ကတည်းက ဒါကို မူဝါဒတစ်ခုအဖြစ် ဆုပ်ကိုင်ထားတာပါ။ ဆက်ပြီးတော့ ဆုပ်ကိုင်ထားပါတယ်။ ဆက်ပြီးတော့လည်းလုပ်ကိုင်သွားမှာဖြစ်ပါတယ်″ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် လွှတ်တော်များ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုများ ပြုလုပ် ခဲ့စဉ်က မည်သည့်ပုံစံဖြင့် လုပ်ဆောင်သွားမည်ကို ချပြထားပြီး တရားဥပဒေဘောင်အတွင်းမှ အေးချမ်းသော နည်းဖြင့် ပြည်သူလူထုမထိခိုက်စေသော နည်းများကိုအသုံးပြု၍ လိုချင် သည့် အနေအထားများ ရရှိအောင် တစ်ဆင့်ချင်းလုပ်ဆောင် သွားမည်ဟု ၎င်းက ပြောဆိုသည်။

“ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များနဲ့ ကျွန်မတို့လုပ်သွား မယ်ဆိုတာ မူအနေနဲ့ကျွန်မတို့ ချထားပါတယ်။ မူအနေနဲ့ချထား ရုံတင်မကဘူး။ မူအနေနဲ့လည်း ကျင့်သုံးပါတယ်″ဟု ၎င်းက ပြောဆိုသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here