Home ဗဟုသုတ ကွန်ပျူတာပေါ်မှာ MOUSE ရွှေ့ တာကအစ ခြေရာခံနေတယ်ဆိုတဲ့ FACEBOOK

ကွန်ပျူတာပေါ်မှာ MOUSE ရွှေ့ တာကအစ ခြေရာခံနေတယ်ဆိုတဲ့ FACEBOOK

205
0

ဒီနေ့ ခေတ်မှာ ပုဂ္ဂိုလ်ရေးလုံခြုံလွတ်လပ်မှုဆိုတာ အတော်လေးကို ဘေးကျပ်နံကျပ်ကာလကို ရောက်လာပြီလို့ ဆိုရမှာပါ။ လူမှုကွန်ရက်ခေတ်မှာတော့ privacy ဆိုတာ ဒဏ္ဍာရီ ဖြစ်သွားပါပြီ။

ကမ္ဘာပေါ်မှာ လစဉ်သုံးစွဲသူသန်း ၂၂၀၀ ကျော် ရှိထားတဲ့ Facebook သုံးစွဲသူတွေရဲ့ လုံခြုံရေးနဲ့  ပတ်သက်ပြီး ကုမ္ပဏီရဲ့ CEO မတ်ခ်ဇူကာဘတ်ခ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ၊ ၁၂ နှစ်ရက်တိုင် အမေရိကန်လွှတ်တော်မှာ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ထိုစဉ်က ကန်လွှတ်တော်အမတ်များမှ Facebook ဝန်ဆောင်မှုသုံးနေတဲ့ ထုတ်ကုန်များ ဖြစ်တဲ့ ကွန်ပျူတာ ၊ ဖုန်းနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကနေ အချက်အလက် ရယူမှုအကြောင်း မေးမြန်းခဲ့ပါတယ်။ Facebook ဟာ ကန်လွှတ်တော်အမတ်တွေရဲ့ မေးခွန်းပေါင်း ၂၀၀၀ အတွက် စာမျက်နှာ ၂၂၅ မျက်နှာရှိတဲ့ ဖြေရှင်းချက်တစ်ခုကို ပေးပို့ ခဲ့ပါတယ်။ ဒီဖြေရှင်းချက်ထဲမှာ Facebook ဟာ အချက်အလက်များကို လူနဲ့  bots တွေအကြား ခွဲခြားဖို့ အတွက် mouse ရွှေ့ တာကို tracking လိုက်တဲ့ algorithm တစ်ခု ထည့်ထားတယ်လို့ ဆိုပါတယ်။

mouse tracking နဲ့ ခြေရာခံခြင်းဟာ Facebookအတွက် အချက်အလက် လုံခြုံရေးမူအရ လုပ်ဆောင်တာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ “ကျွန်တော်တို့ Products တွေနဲ့ ချိတ်ဆက်သုံးနေတဲ့ ကွန်ပျူတာ ၊ ဖုန်းနဲ့ TV စတဲ့ web-connected devices တွေကနေ အချက်အလက် ရယူစုဆောင်းပါတယ်။ အဲသလိုမျိုး users တွေ သုံးနေကြတဲ့ device အမျိုးမျိုးက အချက်အလက်တွေနဲ့ ပြန်ပေါင်းစပ်ပါတယ်” လို့ Facebook က ဖြေရှင်းထားပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒီအချက်အလက်တွေကိုမှ ကြေငြာအပါအဝင် အကြောင်းအရာအလိုက် ပုဂ္ဂလိက personalize ပိုကျအောင် လုပ်ဆောင်တယ်လို့ လည်းဖော်ပြထားပါတယ်။

Facebook ဟာ ကုမ္ပဏီအတွက် လိုအပ်တဲ့ သတင်းအချက်အလက်များကို OS (Operating System) အမျိုးမျိုး ၊ hardware ထုတ်ကုန်အမျိုးမျိုး ၊ ဆော့ဖ်ဝဲလ်ဗားရှင်းအမျိုးမျိုး ၊ battery levels အမျိုးမျိုး ၊ အင်တာနက် signal လိုင်းနှုန်းအနိမ့်အမြင့်အမျိုးမျိုး ၊ storage ဘယ်လောက် ကျန်သလဲဆိုတာမျိုး ၊ Bluetooth signals များ ၊ file names နဲ့ အမျိုးအစား ၊ သုံးတဲ့ ပစ္စည်းရဲ့ IDs များ ၊ browser ကနေ ဝင်ရှာတဲ့ plugins များ စတာတွေကိုပါ သုံးစွဲသူရဲ့ ဖုန်း ၊ TV နဲ့ mouse လိုမျိုး ကွန်ပျူတာဆက်စပ်ပစ္စည်းတွေဆီကနေ ရယူတယ်လို့ ဝန်ခံထားပါတယ်။

တစ်ခုရှိတာက Facebook ဟာ သုံးစွဲသူများပြောသမျှကို ခိုးနားထောင်ဖို့ အတွက် microphones တွေကို မသုံးဘူးလို့ ငြင်းဆိုထားပါတယ်။ တစ်ဘက်မှာလည်း Facebook ဟာ News Feed မှာ သုံးစွဲသူများရဲ့ stories ကို ranking သတ်မှတ်ပြင်ဆင်ဖို့ အတွက် microphone ကနေ အသံကို record မှတ်သားတဲ့ Voice recognition algorithm ကို အသုံးပြုနိုင်ဖို့ နည်းပညာမူပိုင်ခွင့်ရထားပါတယ်။ ဒီအချက်ကြောင့်ပဲ Facebook ဟာ ဖုန်း microphone ကနေ ပြောသမျှအချက်အလက်ကို မယူဘူးဆိုတာ ယုံရခက်နေပါတယ်။

ဖေ့စ်ဘွတ်ခ်က ကိုယ်ရဲ့ကွန်ပျူတာမှာ မောက်စ်ဘယ်လိုရွှေ့လိုက်တယ်ဆိုတာလေးကအစ သိနိုင်ပါတယ်။ ဒါကတော့ စက်ရုပ်လား လူလား ခွဲခြားသိနိုင်ဖို့အတွက် နည်းလမ်းတစ်ခုပါ။

လူလား စက်ရုပ်လားခွဲနိုင်မယ့် နောက်တစ်ချက်က ကိုယ့်ရဲ့ Browser Window က Foreground လား Background မှာလားဆိုတာ စောင့်ကြည့်ပြီးတော့လည်းသိနိုင်ပါတယ်။

ကိုယ့်ကွန်ပျူတာ၊ ဖုန်း၊ Device တွေရဲ့ ဘက်ထရီပမာဏ၊ လိုင်းဆွဲအားနဲ့ ကျန်သေးတဲ့ Storage ပမာဏစတဲ့ဒေတာတွေကိုပါ ဖေ့စ်ဘွတ်ခ်ကသိနိုင်ပါတယ်။

ကိုယ်သုံးနေတဲ့ Operating System, Browser အမျိုးအစား၊ ဖိုင်နာမည်နဲ့ Plugin တွေကအစ သိနေပါတယ်။

ကိုယ်သုံးနေတဲ့ မိုဘိုင်းလ်အော်ပရေတာ၊ အင်တာနက်ဝန်ဆောင်မှု၊ IP Address နဲ့ Cookie ဒေတာတွေ၊ စံတော်ချိန်တွေ၊ အင်တာနက်အမြန်နှုန်းတွေကိုလည်း မသိဘူးမထင်လိုက်ပါနဲ့။

ကိုယ့်နားမှာ တခြား Device တစ်ခုခုရှိနေလား ဒါမှမဟုတ် ကိုယ့်ဖုန်းနဲ့ တခြား Device က Network တစ်ခုတည်းပေါ်မှာရှိနေလားဆိုတာလည်း သိနိုင်ပါသေးတယ်။ သူကတော့ User တွေအနေနဲ့ ဖုန်းကနေ တီဗွီကို ဗီဒီယိုတွေတိုက်ရိုက်လွှင့်ကြည့်တာမျိုးတွေလုပ်နိုင်ဖို့အတွက်ပါတဲ့။

ကိုယ့် Device ရဲ့ Bluetooth Signal တွေ အနီးအနားက Wi-Fi နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုလည်း ရယူနိုင်ပါတယ်။

GPS တည်နေရာ၊ ကင်မရာအချက်အလက်တွေအပြင် Android ဖုန်းတွေကို Sync လုပ်ထားရင် ဒါမှမဟုတ် ဒေတာတွေ Upload လုပ်ထားရင် Call Logs တွေနဲ့ SMS Log တွေကိုလည်း မှတ်သားထားပါသေးတယ်။

အွန်လိုင်း Offline လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်တဲ့ဒေတာတွေနဲ့ Third-Party တွေဆီက ဘာတွေဝယ်လိုက်တယ်ဆိုတဲ့ဒေတာကအစ မှတ်သားထားနိုင်တဲ့အပြင် User တွေသုံးတဲ့ ဂိမ်းတွေ App တွေနဲ့ အကောင့်တွေနဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုပါ ယူထားပါတယ်လို့ မက်ဇူကာဘက်က ဖြေကြားထားပါတယ်။
ဒါ မေးခွန်းပေါင်း ၂၀၀၀ ကျော်ထဲက အကျဉ်းချုပ်ပဲ ဖော်ပြထားတာပါ။ ထပ်ပြီးခြေရာခံစရာများကျန်သေးရဲ့လား??

Source: BGR, IndiaToday

LEAVE A REPLY

Please enter your comment!
Please enter your name here