Home နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့် မွေးနေ့ NLD ရုံးချုပ်တွင် သံဃာတော်များကို ဆွမ်းလောင်းလှူမည်

ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့် မွေးနေ့ NLD ရုံးချုပ်တွင် သံဃာတော်များကို ဆွမ်းလောင်းလှူမည်

528
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်မြောက် မွေးနေ့ ကျရောက်သည့် ဇွန်လ ၁၉ ရက်နေ့တွင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဂုံတိုင် NLD ရုံးချုပ်တွင် သံဃာတော်များကို ဆွမ်းလောင်း လှူမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကုသိုလ်ကောင်းမှုအဖြစ် ဆွမ်းလောင်းမှုကို NLD အမျိုးသမီးရေးရာ အဖွဲ့က ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး NLD ရုံးချုပ်တွင် မွေးနေ့ပွဲ ကြီးကြီးကျယ်ကျယ် ကျင်းပရန် မရှိကြောင်း ၎င်းက ဆိုသည်။

“နေပြည်တော်သွားမယ့် သူတွေလည်းရှိတယ်။ NLD ရုံးချုပ်မှာတော့ အခမ်းအနားတွေဘာတွေ မရှိဘူး။ ဆွမ်းလောင်းလှူတာတော့ ရှိမယ်။ ကြီးကြီးကျယ်ကျယ် လုပ်ဖို့တော့ မရှိပါဘူး” ဟု မုံရွာအောင်ရှင်က ပြောသည်။

ခေတ်သစ်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here