Home ဖျော်ဖြေရေး အသင်းခေါင်းဆောင် ဟာရီကိန်းယူပေးတဲ့ နိုင်ပွဲ

အသင်းခေါင်းဆောင် ဟာရီကိန်းယူပေးတဲ့ နိုင်ပွဲ

166
0

အင်္ဂလန် ၂-၁ တူနီးရှား

အင်္ဂလန်ဟာ ၃-၅-၂ ကစားကွက် အသုံးပြုခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဟာရီကိန်းနဲ့ စတာလင်၊ ကွင်းလယ်မှာ ဟန်ဒါဆန်၊ ဒယ်လီအလီ၊ လင်ဂတ်၊ အက်ရှ်လေယန်း၊ ထရစ်ပီယာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ တူနီးရှားကတော့ ၄-၂-၃-၁ ပုံစံ ခင်းကျင်းခဲ့ပါတယ်။

အင်္ဂလန်ဟာ ပွဲစကတည်းက ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး စတာလင်၊ လင်ဂတ်တို့ အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့
ထောင့်ကန်ဘောကနေ ဂျွန်စတုန်းရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် အသင့်ရှိနေတဲ့ ဟာရီကိန်းက ပိတ်သွင်းနိုင်ခဲ့လို့ အင်္ဂလန် အဖွင့်ဂိုးရခဲ့ပါတယ်။

နောက် ၃ မိနစ်အကြာမှာတော့ တူနီးရှား ဂိုးသမား ဟက်ဆန် ပခုံးဒဏ်ရာ ရသွားလို့ လူစားလဲခဲ့ရပါတယ်။ အဲဒီနောက်မှာ ဟန်ဒါဆန်ရဲ့ ကန်ချက်ကို လူစားဝင်လာတဲ့ တူနီးရှား ဂိုးသမား မူစတာဖာ
ကာကွယ်နိုင်ခဲ့ပြီး လင်ဂတ်လည်း ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့ပါဘူး။

ပွဲချိန် (၃၅) မိနစ်မှာ ပင်နယ်တီ ဧရိယာအတွင်း
တူနီးရှား ကစားသမား ဘင်ယူဆက်ဖ်ကို ဝေါ်လ်ကာ လက်ပြန်ရိုက်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ပင်နယ်တီကနေ ဆက်ဆီက တူနီးရှားအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာ ရှေ့တက်လာတဲ့ ဂိုးသမားကို ကျော်ချပြီး လင်ဂတ် ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ အင်္ဂလန် နစ်နာခဲ့ပါတယ်။

ဗော်ဂိုဂရက်ကွင်းမှာ ကစားခဲ့တဲ့ အခုပွဲစဉ်မှာ ကွင်းအတွင်း ပိုးကောင်တွေ ပျံဝဲနေလို့ ကစားသမားတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့တဲ့ အနေအထားပါ။

ဒုတိယပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေး သိပ်မရခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ် ဂိုးသွင်းခွင့်တစ်ကြိမ် ရခဲ့ပေမယ့် ကိုယ်တိုင်မကန်ဘဲ နောက်မှာရှိနေတဲ့ လင်ဂတ်ကို ဟပေးခဲ့ရာမှာ တူနီးရှား ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ထပ်ဆောင်းအချိန်ပိုမှာ ထောင့်ကန်ဘောကနေ ဟာရီကိန်းက အနီးကပ်ခေါင်းတိုက်ပြီး အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာပါ။ ဟာရီကိန်းဟာ ၂ ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး ၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းဟာ ၂၀၁၀ ပြည့်နှစ်က ဥရုဂွေး တိုက်စစ်မှူး ဒီယေဂိုဖော်လန်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ ဂိုးသမား ၂ ယောက်ကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သာမန်ပွဲချိန်ရဲ့ ထပ်ဆောင်းအချိန်ပိုမှာ အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်တာဖြစ်ပါတယ်။

Nz (ရိုးရာလေး) ကူးယူဖော်ပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here