Home ဗဟုသုတ အသက် ၃ဝ မတိုင်မီဖတ်သင့်သော ကမ္ဘာ့စာအုပ် ၃ဝ

အသက် ၃ဝ မတိုင်မီဖတ်သင့်သော ကမ္ဘာ့စာအုပ် ၃ဝ

453
0
အချိန်လု၍ပြေးလွှားလှုပ်ရှားနေရသည့် ယနေ့ခေတ်ကြီးတွင် စာအုပ်များစွာဖတ်ရန် အချိန်ရှားပါးလွန်းခြင်း၊ စာအုပ်ဆိုင်သွား၍ မည်သည့်စာအုပ်ဖတ်လျှင်ကောင်းမည်နည်းဟု စဉ်းစာအချိန်ပေးကာ စာအုပ်ရှာဖွေရခြင်းမျိုး မရှိစေရန် စာအုပ်တစ်အုပ်ဖတ်ပြီးရုံနှင့် ကမ္ဘာ့စာအုပ် ၁၅ အုပ် အကြောင်းကို ခရေစေ့တွင်းကျ ဖတ်ပြီးဖြစ်မည် ဆိုလျှင် စာပေချစ်သူများအတွက် သတင်းကောင်းတစ်ခု ဖြစ်မည်ထင်ပါသည်။

ဘာစာအုပ်များလဲဆိုသည်ကိုမပြောမီ စာရေးဆရာဟိန်းလတ်၏အမှာစာပါ ကောက်နုတ်ချက်ကို ကနဦးဖော်ပြ လိုပါသည်။

ဆရာဟိန်းလတ်က “Books That Changed The World” စာအုပ်ဖတ်လိုက်လျှင် ကမ္ဘာကိုပြောင်းလဲ စေခဲ့သော စာအုပ်တွေအကြောင်း ညွှန်ပြမည်။ “50 Birtish Novels” စာအုပ်တွင် ဖတ်သင့်သော ဗြိတိသျှ စာအုပ် ၅ဝ၊ “50 American Novels” စာအုပ်တွင် ဖတ်သင့်သောအမေရိကန်စာအုပ် ၅ဝ၊ “50 European Novels” တွင် ဖတ်သင့်သောဥရောပဝတ္ထု ၅ဝ စသဖြင့်စာရင်းတွေ့ရမည်။ စာရေးဆရာအကြောင်း၊ စာအုပ် အကြောင်း၊ စာအုပ်ဝေဖန်ချက်တွေပါ ဖတ်နိုင်မည်။ မြန်မာပြည်တွင်ထိုသို့သောစာအုပ်များမရှိဟု ဘယ်စာကို ဘယ်နှဝါ မောင်ဖတ်မလဲဟု ဆရာဟိန်းလတ်​က ကမ္ဘာ့စာအုပ် ၃ဝ တွင်အမှာစာရေးသားပေးထားသည်။

#အသက် ၃ဝ မတိုင်မီဖတ်သင့်သော #ကမ္ဘာ့စာအုပ် ၃ဝ

စာအုပ်ခေါင်းစဉ်ဖတ်ပြီး လူတော်တော်များများက အသက် ၃ဝ ကျော်သွားပြီ ဖတ်စရာမလိုတော့ဘူးဟု အကြမ်းဖျင်းအားဖြင့် ယူဆကြသည့် အသက် ၃ဝ မတိုင်မီဖတ်သင့်သော ကမ္ဘာ့စာအုပ် ၃ဝ စာအုပ်ကို အရှင်ပညာသီဟ (ရွှေညဝါဆရာတော်)၊ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)၊ စာရေးဆရာဟိန်းလတ်တို့၏ အမှာစာနှင့်တကွ Journalist Book Publishing ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

ယခုစာအုပ်တွင် စာအုပ်ခေါင်းစဉ်အတိုင်း အသက် ၃ဝ အောက်လူငယ်တွေဘာကြောင့် သည်စာအုပ်တွေကို ဖတ်သင့်သလဲဟုမေးလျှင် ကမ္ဘာ့စာအုပ် ၃ဝ (ပထမတွဲ) သည် စာအုပ်ဖတ်ရန်လမ်းညွှန်မြေပုံ စာအုပ်ဖြစ်သည် ဟုဆိုနိုင်သလို လူမှုဘဝပတ်ဝန်းကျင်တွင် နည်းမျိုးစုံနှင့်ကြုံတွေ့လာရမည့် ပြဿနာအရပ်ရပ်ကို ငြင်သာစွာ ဖြေရှင်းပေးနိုင်ရန် စာဖတ်သူကို အတွေ့အကြုံများ၊ နည်းလမ်းများ၊ စိတ်ခွန်အားများပေးထားပြီး မူရင်းစာရေးဆရာက မည်သည့်အချိန်ကာလက မည်သို့ကြောင့်ရေးသားဖြစ်ခဲ့ပုံ၊ မူရင်းစာရေးဆရာ၏တွေးခေါ်ရှုမြင်ပုံ၊ တဖန်ဘာသာပြန်စာရေးဆရာများ၏ မည်သို့မည်ပုံ မည်သည့်အချိန်ကာလက ဘာသာပြန် ရှင်းလင်းထုတ်ဝေ ထားပုံ၊ စာအုပ်နှင့်ပတ်သက်၍ဝေဖန်ချက်များ စသည်တို့ကို အမှာစာနှင့်တကွ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် တဝကြီးအားရပါးရ လေ့လာဖတ်ရှုရမည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။

ဥပမာအားဖြင့် စာဖတ်သူများနီးစပ်ပြီးသားဖြစ်သည့် ဓမ္မပဒ၊ Sun Tzu ၊ Tao Te Chin ၊ ရှားလော့ဟုမ်း ၊ သိဒ္ဓတ္ထ၊ စသည့်စာအုပ်များဖြစ်ကြပါလိမ့်မည်။ ထိုအထဲကမှ ၁၈၈၇ ခုနှစ်မှာထွက်ပေါ်လာသည့် ရှားလော့ဟုမ်း စုံထောက်ဇာတ်ဆောင်ကို မည်သို့ပုံဖော်ဖန်တီးခဲ့သည်ကို စာပေနှံ့စပ်ကျွမ်းကျင်သူတို့ သိကြမည် ဆိုသော်လည်း အသက် ၃ဝ အောက်လူငယ်များ နှစ်ပေါင်း ၁၃၀ ကျော်အောင်မြင်နေသည့် ရှားလော့ဟုမ်းဇာတ်ဆောင် စုံထောက်ဝတ္ထုနှင့်ပတ်သက်ပြီး ဘာကြောင့်စုံထောက်ဝတ္ထုတွေကို ဖတ်သင့်သလဲ၊ ရှားလော့ဟုမ်းဇာတ်ဆောင် ဘယ်လိုပေါ်လာသလဲ၊ ရှားလော့ဟုမ်းလိုပုဂ္ဂိုလ်မျိုး အပြင်မှတကယ်ရှိခဲ့သလားဆိုသည်ကို လေ့လာဖတ်ရှု ရမည်ဖြစ်ပါသည်။

စာဖတ်ပရိသတ်တိုင်းထင်မြင်ယူဆထားသည်က ရှားလော့ဟုမ်းဆိုသည့် ကမ္ဘာကျော်စုံထောက် တကယ်ရှိခဲ့ သည်ဟုသာ ထင်မြင်နေကြခြင်းဖြစ်ပါသည်။ ကမ္ဘာကျော် ရှားလော့ဟုမ်းကို ဆရာကြီးရွှေဥဒေါင်းက စုံထောက်မောင်စံရှားအမည်နှင့် ဘာသာပြန်ခဲ့သလို ပီမိုးနင်းက စုံထောက်မောင်ရွှေဓါး၊ ဆရာကြီးဒဂုန်ရွှေမျှားက စုံထောက်ဦးထင်ကျော်၊ ရှားလော့ဟုမ်းဝတ္ထုတို ၆၈ ပုဒ်စလုံးကို ဆရာကြီးမြသန်းတင့်က ဘာသာပြန်ခဲ့ပုံ စသည်တို့ကို စာရေးဆရာအလင်းဆက်(IR) က စုံထောက်ဝတ္ထုအပေါ် နိုင်ငံတကာအမြင် ဝေဖန်သုံးသပ်ချက် တွေနဲ့ ပြည်တွင်းစာရေးဆရာများ၏ ဝေဖန်သုံးသပ်ချက်များနှင့် နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေကာ ရေးသားတင်ပြ ထားသည်ကိုဖတ်ရှုပြီးလျှင် သိနိုင်မည်ဖြစ်ပါသည်။

ရှားလော့ဟုမ်းကဲ့သို့ပင် ဓမ္မပဒ၊ သိဒ္ဓတ္ထ၊ Sun Tzu ၊ Tao Te Chin ၊ စသည့်ထိုကမ္ဘာ့စာအုပ် ၁၅ အုပ်အကြောင်းကို နိုင်ငံတကာအမြင်၊ ပြည်တွင်းအမြင် သုံးသပ်ချက်များဖြင့် စာအုပ်၏သမိုင်းကြောင်းရာဇဝင် များကို စာရေးဆရာအလင်းဆက် (IR) ကရှင်းလင်းစွာရေးပြထားသလို စာပေလေ့လာလိုက်စားသူ စာချစ်သူများအတွက်သော်လည်းကောင်း၊ စာစဖတ်သည့်လူငယ်များအတွက်သော်လည်းကောင်း စာအုပ် လမ်းညွှန်မြေပုံအဖြစ် အိမ်တိုင်း၊ စာကြည့်တိုက်တိုင်း လက်စွဲကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

ကမ္ဘာ့စာအုပ် ၃ဝ (ပထမတွဲ) ကိုဖတ်ပြီးရုံနှင့် ကမ္ဘာ့စာအုပ် ၁၅ အုပ်လုံးကို အနှစ်ချုပ်အားဖြင့် ဖတ်ပြီးသား ဖြစ်မည်ဆိုသည်ကိုတော့ Journalist Book Publishing စာအုပ်တိုက်အနေနှင့် ရဲရဲဝံ့ဝံ့အာမခံပေးနိုင်ပါသည်။

ရှေးလူကြီးများဆိုကြသည့်စကားတစ်ခွန်းအတိုင်း မဖတ်ရသေးသောသတင်းစာဆိုလျှင် မည်သည့်အချိန်က သတင်းစာဖြစ်ဖြစ် အသစ်ဖြစ်သည် ဟုဆိုကြပါသည်။ ယခုကမ္ဘာ့စာအုပ် ၃ဝ သည်လည်း အသက် ၃ဝ ကျော် ရှိပြီဆိုသော်လည်း မဖတ်ရသေးသူ များအတွက် အသစ်ဖြစ်မည့် စာအုပ်အသစ်ဖြစ်ကြောင်း ကြော်ငြာလိုက်ရပါသည်။

Journalist Book Publishing – အမှတ် ၉ဝ၂၊ ပင်လုံလမ်း၊ ၃၄ ရပ်ကွက်၊ မ/ဒဂုံ၊ ရန်ကုန်မြို့။ 09261778607 – 09970684290 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here