Home News လူငယ်(၁၃)ယောက် စက်ဘီးစီးပြီး အိမ်ပြန်လာပါပုံ အင်္ကျီ ၀န်ကြီးချုပ်ဝတ်ဆင်ထား

လူငယ်(၁၃)ယောက် စက်ဘီးစီးပြီး အိမ်ပြန်လာပါပုံ အင်္ကျီ ၀န်ကြီးချုပ်ဝတ်ဆင်ထား

819
0

အားလုံးဟာ ဒီနေ့ သို့မဟုတ် နက်ဖြန်မှာ ထူးခြားလိမ့်မယ်လို့ မျှော်လင့်ထားကြပြီး ယနေ့ ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းမှာ ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့က လူငယ်(၁၃)ယောက် စက်ဘီးစီးပြီး အိမ်ပြန်လာတဲ့ ပုံပါရှိတဲ့ အင်္ကျီအ၀ါရောင်များကို ၀တ်ဆင်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ကလေးများရဲ့ မိဘများကို အားပေးစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များကို ချက်ပြုတ်ကျွေးနေတဲ့ တပ်ဖွဲ့များကို အားပေးခြင်းများ ပြုလုပ်ပြီး နံနက်(၁၀း၅၀)နာရီအထိ မယ်ဆိုင်ဂူဧရိယာအတွင်းမှာပဲ ရှိနေပါသေးတယ်။

လတ်တလောအခြေအနေအထိ ထူးခြားချက်မသိရသေးပါ။

**

မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၉)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၁၁)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

CREDIT: #TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

LEAVE A REPLY

Please enter your comment!
Please enter your name here