Home နိုင်ငံရေး ဘရွတ်ကလင်းတွင် မြန်မာအမျိုးသမီး သူနာပြုတစ်ဦး အသတ်ခံရ

ဘရွတ်ကလင်းတွင် မြန်မာအမျိုးသမီး သူနာပြုတစ်ဦး အသတ်ခံရ

919
0

ဘရွတ်ကလင်း၊ ဇူလိုင် ၂၂

ပါးစပ်ကိုပိတ်ဆို့၍ ခြေလက်များကိုပါတုပ်နှောင်ထားပြီး အိပ်ရာခင်းနှင့်ထုတ်ထားသည့် အမျိုးသမီးအလောင်းတစ်လောင်းကို အမေရိကန်နိုင်ငံ ဘရွတ်ကလင်းမြို့ရှိ သေဆုံးသူ၏ အိပ်ခန်းထဲရှိ ဘီရိုငယ်အတွင်းတွင် တွေ့ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်းစုံစမ်းရာတွင် အသက် ၅၈ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ဒေါ်ကြည်မာသိန်းဆိုသူ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က သိရှိရသည်ဟု နယူးယောက်မြို့အခြေစိုက် New York Daily News သတင်းဌာမှ သတင်းတစ်ပုဒ်ဝယ်ရေးသားထားသည်။

ဘရွတ်ကလင်းရှိ East Flatbush အဆောက်အအုံမှ ဒေါ်ကြည်မာသိန်း၏ အခန်းတွင်းဝယ် သူ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် စနေနေ့ နံနက် ၇ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“မမ်မီရုပ်အလောင်းလိုပဲထုပ်ထားတာ”ဟု ဒေါ်ကြည်မာသိန်းနှင့်အတူတကွ အလုပ်လုပ်ကိုင်သူအမျိုးသမီးက Daily News သတင်းဌာနသို့ ငိုလျက်ပြောသည်။

ဒေါ်ကြည်မာသိန်းသည် သူနှင့်အလုပ်အတူလုပ်ကိုင်သူ အသက် ၂၃ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးကို သူနှင့်အတူနေရန် လွန်ခဲ့သည့် ၂ လခန့်က အိမ်သို့ခေါ်ထားကြောင်းနှင့် ယင်းအမျိုးသမီးကိုလည်း ယခုမတွေ့ရကြောင်း သူကပြောသည်။

ဒေါ်ကြည်မာသိန်းသည် လိုင်စင်ရ သူနာပြုတစ်ဦးဖြစ်ကာ ဘရွတ်ကလင်းမြို့ရှိ SUNY Downstate Medical Center တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညတွင် အလုပ်သို့ရောက်မလာရာမှစ၍ သူ၏ မိတ်ဆွေတစ်ဦးက စိုးရိမ်ပူပန်လာကာ နောက်ဆုံးတွင်မူ ရဲသို့အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာမှ သူပျောက်ဆုံးပြီး ၃ ရက်မျှ အကြာဖြစ်သည့် စနေနေ့တွင် ရုပ်အလောင်းကို ယခုကဲ့သို့ တွေရှိခြင်းဖြစ်သည်။

သူ၏ အိမ်ခန်းတွင် အခြားသူမည်သူမျှမတွေ့သလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် လက္ခဏာသဲလွန်စများလည်းမတွေ့ရှိကြောင်း ရဲကပြောသည်။

ဒေါ်ကြည်မာသိန်းဝယ် သားတစ်ဦးရှိပြီး သားဖြစ်သူမှာ ဆရာဝန်တစ်ဦးဖြစ်ကြောင်း အိမ်နီးချင်းများထံမှ သိရသည်။

သေဆုံးပြီးနောက်ရင်ခွဲစစ်ဆေးမှုကိုသက်ဆိုင်ရာကပြုလုပ်ပြီးဖြစ်ကာ ယခုအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း New York Daily Newsသတင်းဌာနမှ ရေးသားထားသည်။

PN002
ref: Bound woman found dead, stuffed in closet of Brooklyn home

Image may contain: one or more people, tree and outdoor

LEAVE A REPLY

Please enter your comment!
Please enter your name here