Home စီးပွားရေး ချမ်းသာခြင်း အကြောင်း ၄ ပါး

ချမ်းသာခြင်း အကြောင်း ၄ ပါး

331
0

ဥဋ္ဌဌာနသမ္ပဒါ – ကြိုးစားအားထုတ်ခြင်း
ထိုအလုပ်၌ ကျွမ်းကျင်၏၊ ပျင်းရိမှုမရှိ၊ (ထိုလုပ်ငန်း၌) အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန်လည်း စွမ်းနိုင်၏၊ စီမံရန်လည်း စွမ်းနိုင်၏၊

အာရက္ခသမ္ပဒါ – ထိန်းသိမ်း စောင့်ရှောက်မှု့
”အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ် ဥစ္စာတို့ကို မင်း (အစိုးရ)တို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ မီးမလောင်နိုင်ရာသနည်း၊ ရေမမျောနိုင်ရာသနည်း၊ မချစ်မနှစ်သက်သူ (အမွေခံဆိုး)တို့ မဆောင်ယူနိုင် ကုန်ရာသနည်း”ဟုစောင့်ရှောက်ခြင်း လုံခြုံစေခြင်းနှင့် ပြည့်စုံစေ၏။

သမဇီဝိတာ – မျှတစွာ သုံးစွဲခြင်း
ဝင်ငွေ ကိုလည်းကောင်း ၊ ထွက်ငွေကိုလည်းကောင်း သိ၍ မများလွန်း မနည်းလွန်း မျှတအောင် သုံးစွဲခြင်း။ (ဝင်ငွေနည်း၍ အသုံးကြီးလျှင် ဖြုန်းတီးခြင်း။ ဝင်ငွေများလျှက် အသုံးနည်း မျှတစွာ မသုံးလျှင်လည်း အခြွအေရံ မိတ်ဆွေ အားထားရာ ရှားပါးမည်။)

ကလျာဏမိတ္တ – မိတ်ဆွေ ကောင်း
ငယ်သော်လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန်သော၊ ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့် ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန်သော မိတ်ဆွေတို့ နှင့် အတူနေ၏၊ အတူပြောဆို၏၊ အတူ ဆွေးနွေး၏၊ အတုလိုက်၍ ကျင့်၏။

 

Ref : http://myanmarsutta.net

Infographic : Aung Kyaw Minn

LEAVE A REPLY

Please enter your comment!
Please enter your name here